back

ရေဘေးအန္တရာယ်နှင့်အတူ မျောပါလာတတ်သည့် မြွေအန္တရာယ်ကို အထူးသတိပြုရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သတိပေးထုတ်ပြန်

Jul 18 • 11:49 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရေဘေးအန္တရာယ်နှင့်အတူ မျောပါလာတတ်သည့် မြွေအန္တရာယ်ကို အထူးသတိပြုရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သတိပေးထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် ရေကြီးရေတက်နေသည့် အချိန်များ၌ နေအိမ်၊ ခြံဝင်းများနှင့် ရေမြုပ်နေသည့် လမ်းမများတွင် ရေစီးနှင့်အတူ မျောပါလာတတ်...

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် ရေကြီးရေတက်နေသည့် အချိန်များ၌ နေအိမ်၊ ခြံဝင်းများနှင့် ရေမြုပ်နေသည့် လမ်းမများတွင် ရေစီးနှင့်အတူ မျောပါလာတတ်သော မြွေအန္တရာယ်ကို အထူးဂရုစိုက်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင် ၁၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ဒေသခံပြည်သူများအနေဖြင့် ရေစပ်နေရာများ၊ အမှိုက်ပုံများနှင့် ရေလွတ်ရာသို့ တက်လာတတ်သည့် မြွေများ ခိုအောင်းနိုင်သောနေရာများကို သတိထားရန်၊ ညဘက်အပြင်ထွက်ပါက ဓာတ်မီး သို့မဟုတ် ဖုန်းမီး အမြဲဆောင်ရန်နှင့် အမှောင်ထဲလမ်းမလျှောက်ရန် နှိုးဆော်ထားသည်။ မြွေကိုက်ခံရပါက စိုးရိမ်စိတ်လွန်ကဲ၍ ပြေးလွှားခြင်း (အဆိပ်တက်မြန်စေနိုင်ခြင်း)၊ ဒဏ်ရာကို လှီးဖြတ်ခြင်းနှင့် အဆိပ်စုပ်ခြင်းများ လုံးဝမပြုလုပ်ဘဲ ကိုက်ခဲလိုက်သည့် မြွေအမျိုးအစား သို့မဟုတ် ပုံသဏ္ဌာန်ကို သေချာမှတ်သားကာ လူနာကို ငြိမ်ငြိမ်ထား၍ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ကုသရန် ဆရာဝန်များနှင့် တာဝန်ရှိသူများက အသိပေး တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

16