စင်ကာပူနိုင်ငံတွင် ဘေးကင်းလုံခြုံရေးစံနှုန်းများကို ပြည့်မီအောင် မဆောင်ရွက်နိုင်သည့် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများကို အသက် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှုအသုံးပြုခွင့် ပိတ်ပင်သွားနိုင်ကြောင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်ကြားရေးဝန်ကြီး ဂျိုဇဖင်းတီအိုက ပြောကြားခဲ့သည်ဟု Channel News Asia သတင်းတွင် ဖော်ပြထားသည်။ ကလေးသူငယ် အွန်လိုင်းဘေးကင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ပလက်ဖောင်းများအနေဖြင့် ကလေးငယ်များအတွက် ဘေးကင်းသော ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ခြင်း ရှိ၊ မရှိပေါ်မူတည်၍ အသုံးပြုခွင့် ကွာခြားသွားမည်ဖြစ်ကာ လူငယ်များ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပိုမိုဘေးကင်းစွာ ဆက်လက်အသုံးပြုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များ အားကောင်းလာစေရန် အစိုးရက ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စင်ကာပူ၌ ဘေးကင်းလုံခြုံရေးစံနှုန်းမပြည့်မီသည့် လူမှုကွန်ရက်များကို အသက် ၁၈ နှစ်အောက် လူငယ်များ အသုံးပြုခွင့်ပိတ်ပင်ရန် စီစဉ်နေ
Jul 18 • 11:47 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


