အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားမည့် ဗီယက်နမ်အသင်းနှင့် ပွဲစဉ်မတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲနှင့် လေ့ကျင့်ရေးအစီအစဉ်ကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံ Thai Nguyen Stadium တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာအသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားမှုများအပြင် လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အသင်း၏ လေ့ကျင့်ပြင်ဆင်နေမှု အခြေအနေများကို ထည့်သွင်းပြောကြားခဲ့သည်။
ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း မြန်မာအသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင် ပြောကြား
Jul 18 • 10:14 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


