back

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို စတင်ပြေးဆွဲ

Jul 18 • 10:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို စတင်ပြေးဆွဲ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင်ပြေးဆွဲပေးခဲ့ရာ ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့ပ...

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင်ပြေးဆွဲပေးခဲ့ရာ ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့ပြီးနောက် သန့်ရှင်းသောလောင်စာနည်းပညာသုံး ရထားများကို အသုံးပြုသည့် လက်တစ်ဆုပ်စာ နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံလည်း ပူးပေါင်းပါဝင်လာခဲ့သည်။ အပူနှင့် ရေငွေ့ကိုသာ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်သည့် အဆိုပါရထားသည် သမားရိုးကျ ဒီဇယ်စက်ခေါင်းများနေရာတွင် အစားထိုးမည့် ပိုမိုသန့်ရှင်းသော နည်းပညာတစ်ခုဖြစ်ပြီး လက်ရှိတွင် ခရီးသည် ၂,၆၀၀ ဆန့် ၁၀ တွဲပါ ရထားကို မြောက်ပိုင်းဟာယာနာပြည်နယ်ရှိ ဂျင်ဒ်မြို့နှင့် ဆိုနီပတ်မြို့များအကြား တစ်နေ့လျှင် နှစ်ကြိမ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

26