back

ဂရန်အတုများဖြင့် အရောင်းအဝယ်ပြုလုပ်နေမှုများရှိ၍ မဝယ်ယူမီ သက်ဆိုင်ရာဌာနများတွင် စစ်ဆေးကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း သတိပေး

Jul 18 • 11:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဂရန်အတုများဖြင့် အရောင်းအဝယ်ပြုလုပ်နေမှုများရှိ၍ မဝယ်ယူမီ သက်ဆိုင်ရာဌာနများတွင် စစ်ဆေးကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း သတိပေး

အိမ်ခြံမြေဈေးကွက်အတွင်း ဂရန်အတုများ ပြုလုပ်ကာ အရောင်းအဝယ်ပြုလုပ်နေမှုများ ရှိနေသဖြင့် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေများ ဝယ်ယူမည့်သူများအနေဖြင့် သက်ဆိုင်ရာဌာနမျာ...

အိမ်ခြံမြေဈေးကွက်အတွင်း ဂရန်အတုများ ပြုလုပ်ကာ အရောင်းအဝယ်ပြုလုပ်နေမှုများ ရှိနေသဖြင့် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေများ ဝယ်ယူမည့်သူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် ကြိုတင်စစ်ဆေးအတည်ပြုပြီးမှသာ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က သတိပေးပြောကြားလိုက်သည်။ ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဟိုတယ်၌ ကျင်းပသည့် "ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုင်ရာ မြေယာဥပဒေများ" စကားဝိုင်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ရောင်းမှားဝယ်မှားဖြစ်ကာ နောက်ဆက်တွဲပြဿနာများ မရှုပ်ထွေးစေရန်အတွက် စည်ပင်ပိုင်မြေဖြစ်ပါက စည်ပင်သာယာရေးကော်မတီတွင်လည်းကောင်း၊ အိုးအိမ်ပိုင်မြေဖြစ်ပါက အိုးအိမ်ဦးစီးဌာနတွင်လည်းကောင်း ကြိုတင်စစ်ဆေးပြီးမှသာ အရောင်းအဝယ်ပြုလုပ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

34