မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများကို ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန်နှင့် တရားမဝင် ငါးဖမ်းဆီးမှုများ လျော့နည်းစေရန်အတွက် ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခဲ့သည်။ ဇူလိုင် ၁၇ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ကျင်းပသည့် ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ကာကွယ်ရာတွင် ယာဉ်အသွားအလာ စောင့်ကြည့်ရေးစနစ် (VMS) အသုံးပြုခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ဖြင့် ထိရောက်စွာ တားဆီးခြင်းနှင့် ရေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေရေးဆွဲခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ကာကွယ်ရေးအတွက် ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့် ဆောင်ရွက်မည်
Jul 18 • 10:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


