တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် သင်တန်းကာလ ၃ နှစ်ကြာမြင့်မည့် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများကို ထူးချွန်စွာ အောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လည်းကောင်း၊ မွေးမြူရေးဒီပလိုမာရရှိပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့လည်းကောင်း ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
Jul 18 • 10:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


