မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာပါက အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်အတွက် အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်အဆင့် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (အမှတ် ၁၂) ဒေါ်ခင်ဆွေက ပြောကြားခဲ့သည်။ ဇူလိုင် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အာမခံကာကွယ်ရေး ရန်ပုံငွေတည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၎င်းက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာမခံထားသူ ပြည်သူများအတွက် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း အဆိုတင်သွင်း
Jul 18 • 10:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


