စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး အပါအဝင် အခြားလိုအပ်ချက်များကို နှစ်အလိုက် ဦးစားပေးအစီအစဉ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့တွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ MSME လုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ စက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး နှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်
Jul 18 • 10:06 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 10 | 0 | 0 | 0 |

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် ထူထောင်ထားပြီး AEC ဈေးကွက်ဝင်ရောက်နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များကို ဆက်လက်ပံ့ပိုးမည်
မြန်မာနိုင်ငံတွင် အာမခံထားသူ ပြည်သူများအတွက် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း အဆိုတင်သွင်း

