စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်ကြောင်း တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေရှည်စီမံကိန်းအဖြစ် ချေးငွေများပံ့ပိုးပေးခြင်းနှင့် AEC (အာဆီယံစီးပွားရေးအသိုက်အဝန်း) ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် ထူထောင်ထားပြီး AEC ဈေးကွက်ဝင်ရောက်နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များကို ဆက်လက်ပံ့ပိုးမည်
Jul 18 • 10:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


