မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ည ၁၀ နာရီခွဲခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် မောင်းနှင်လာသော ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ ၂၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလိုဂရမ်ကို ယာဉ်မောင်း ကျော်ဦးနှင့် ဇော်ဇော်ထွန်းတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်း၊ ထွေးမင်းဇော်နှင့် မျိုးသန်းတို့ကို လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ဘီလီယံ ၂၀ ကျော်တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုဂရမ်ကို တရားခံများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ဖမ်းဆီးရမိ
Jul 18 • 8:44 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


