ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြား (တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာအနီး) ၌ ဇူလိုင် ၁၇ ရက် ည ၆ နာရီကျော်အချိန်ခန့်က မောင်းနှင်လာသော ကားတစ်စီးသည် လမ်းဘေးရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပုသိမ်ကားလမ်း ညောင်တုန်းမြို့နယ်တွင် ယာဉ်တစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး
Jul 18 • 8:43 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 22 | 0 | 0 | 0 |

မြန်မာနှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံ ကမ္ဘာ့ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး
ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ဘီလီယံ ၂၀ ကျော်တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုဂရမ်ကို တရားခံများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ဖမ်းဆီးရမိ

