back

မြန်မာနှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံ ကမ္ဘာ့ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး

Jul 18 • 8:41 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

မြန်မာနှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံ ကမ္ဘာ့ဉာဏ်ရည်တု (AI) ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိ...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၁၆ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးတို့ အပါအဝင် သက်ဆိုင်ရာ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်၍ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

13