back

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့တွင် နှစ်ပေါင်းများစွာ သန့်ရှင်းရေးမလုပ်ဖြစ်သည့် မင်္ဂလာကန်တော်အား ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

Jul 18 • 8:40 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့တွင် နှစ်ပေါင်းများစွာ သန့်ရှင်းရေးမလုပ်ဖြစ်သည့် မင်္ဂလာကန်တော်အား ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာ သန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိသဖြင့် ရေညှိတက်ခြင်းနှင့် အမှိုက်သရိ...

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာ သန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိသဖြင့် ရေညှိတက်ခြင်းနှင့် အမှိုက်သရိုက်များပြားနေ၍ ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သန့်ရှင်းရေးပြုလုပ်ရာတွင် ရေကန်တော်အတွင်းရှိ ရေညှိများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်နှင့် ခရုခွံများ ရှင်းလင်းခြင်း၊ ကန်ပတ်လည်ရှိ ပေါင်းမြက်များခုတ်ထွင်ခြင်းနှင့် ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19