back

ထိုင်းနိုင်ငံက ဉာဏ်ရည်တု (AI) အပါအဝင် အနာဂတ်စက်မှုကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

Jul 18 • 10:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက ဉာဏ်ရည်တု (AI) အပါအဝင် အနာဂတ်စက်မှုကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဉာဏ်ရည်တု (AI)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသောစွမ်းအင်နှင့် အခ...

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဉာဏ်ရည်တု (AI)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသောစွမ်းအင်နှင့် အခြားအနာဂတ်စက်မှုလုပ်ငန်းများတွင် စီးပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ရှန်ဟိုင်းမြို့၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်ဒီရက်က ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖျင်က ထိုင်းနှင့် တရုတ်သည် တစ်မိသားစုတည်းဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရန် ထိုင်းအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

11