ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြား၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပြည်ပဝယ်လိုအား လျော့နည်းလာကာ ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ကြံကြိတ်ရာသီကုန် မေလအထိ သကြားတန်ချိန် လေးသိန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ထုတ်လုပ်မှု လျော့ကျရခြင်းမှာ အချို့ဒေသများတွင် နယ်မြေအခြေအနေများကြောင့် ကြံများကို အချိန်မီ မကြိတ်ဝါးနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Jul 18 • 8:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


