back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

Jul 18 • 8:38 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅) တွင် ရေဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် ဇာတ်တိ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅) တွင် ရေဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုသို့ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအပါအဝင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်ဝေက အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်နည်းကိုလည်းကောင်း၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရန်နိုင်စိုး ဦးဆောင်သည့် အဖွဲ့က ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ရေနစ်သူအား ကယ်ဆယ်ရေး သရုပ်ပြမှုများကိုလည်းကောင်း အသီးသီး လေ့ကျင့်ပြသခဲ့ကြကြောင်း သိရသည်။

news-view-count-icon

12