back

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲမည်

Jul 18 • 5:30 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲမည်

နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်း...

နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်းများအပြင် အသစ်လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲမည်ဟု သိရသည်။ယင်းလမ်းကြောင်းများမှာ တပ်ကုန်း၊ လယ်ဝေး၊ ရွာတော်နှင့် မြို့တွင်း လိုအပ်သော နေရာများသို့ လမ်းကြောင်းသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။အဆိုပါ လမ်းကြောင်းတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ဂိတ်တာဝန်ခံ က ပြောကြားသည်။




news-view-count-icon

24