back

ထိုင်းနိုင်ငံ သင်္ဘော ဟော်မုဇ်ရေလက်ကြားမှာ တိုက်-ခိုက်ခံရတယ်လို့ အီရန် မီဒီယာ အတည်ပြု

Jul 18 • 5:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ သင်္ဘော ဟော်မုဇ်ရေလက်ကြားမှာ တိုက်-ခိုက်ခံရတယ်လို့ အီရန် မီဒီယာ အတည်ပြု

ဟော်မုဇ်ရေလက်ကြား အတွင်းမှာ ထိုင်းအလံစိုက်ထူထားတဲ့ သင်္ဘောတစ်စီးကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ကြားဖြတ်တားဆီးပြီး တိုက်-ခိုက်ခဲ့ပါတယ်လို့ အီရန...

ဟော်မုဇ်ရေလက်ကြား အတွင်းမှာ ထိုင်းအလံစိုက်ထူထားတဲ့ သင်္ဘောတစ်စီးကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ကြားဖြတ်တားဆီးပြီး တိုက်-ခိုက်ခဲ့ပါတယ်လို့ အီရန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။အယ်လ်ဂျာဇီးရာ သတင်းဌာနက ကိုးကားဖော်ပြထားတဲ့ တက်စနင်းမ် (Tasnim) သတင်းဌာနရဲ့ သတင်းတွေအရ အဆိုပါ သင်္ဘောဟာ ခွင့်ပြုချက်မရှိဘဲ ရေလမ်းကြောင်းကို ဖြတ်သန်းမောင်းနှင်ဖို့ ကြိုးပမ်းခဲ့တဲ့အပြင် ကြားဖြတ်မတားဆီးမီ သတိပေးချက်တွေကိုလည်း လျစ်လျူရှုခဲ့ပါတယ်လို့ ဆိုပါတယ်။ဒီတိုက်-ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ဒါမှမဟုတ် ဒဏ်ရာရရှိမှုတွေ ရှိ၊ မရှိ ဆိုတာကိုတော့ ချက်ချင်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို၊ ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပါဘူး။ကမ္ဘာ့ဗျူဟာမြောက် အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားဒေသအတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။




news-view-count-icon

15