တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဒီပလိုမာသင်တန်းများမှာ သင်တန်းကာလ (၃) နှစ်ဖြစ်ပြီး သင်တန်းကို ထူးချွန်စွာအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့၊ မွေးမြူရေးဒီပလိုမာရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။



