back

တရုတ်ဘက်ခြမ်းက ရေကာတာများ ဖွင့်ချသဖြင့် ရှမ်းမြောက်ဒေသခံ စိုက်ခင်းများ ရေမြုပ်

Jul 18 • 4:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တရုတ်ဘက်ခြမ်းက ရေကာတာများ ဖွင့်ချသဖြင့် ရှမ်းမြောက်ဒေသခံ စိုက်ခင်းများ ရေမြုပ်

တရုတ်နိုင်ငံက ရေကာတာများကို ပွင့်လင်းမြင်သာမှုမရှိပဲ ဖွင့်ချသဖြင့် မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသဘက်တွင် ရွှေလီမြစ်ရေများ ဆက်လက်မြင့်တက်နေပြီး ပြည်သူများ၏ စိုက်ခင...

တရုတ်နိုင်ငံက ရေကာတာများကို ပွင့်လင်းမြင်သာမှုမရှိပဲ ဖွင့်ချသဖြင့် မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသဘက်တွင် ရွှေလီမြစ်ရေများ ဆက်လက်မြင့်တက်နေပြီး ပြည်သူများ၏ စိုက်ခင်းများ ရေလွမ်းမိုး ပျက်စီးဆုံးရှုံးမှု ကြုံနေရသည်ဟု ရှမ်းမြောက်ဒေသခံများကပြောသည်။နှစ်နိုင်ငံ နယ်စပ်အနီးရှိ ရွှေလီမြစ်၏ မြစ်လက်တက်ပေါ်များတွင်ရှိသည့် ရေကာတာများမှ ရေများကို တရုတ်နိုင်ငံဘက်က ကြိုတင်အကြောင်းကြားခြင်း သတင်းဖလှယ်ခြင်းမရှိပဲ ရေဖွင့်ချခြင်းကြောင့် မြန်မာပြည်သူများ၏ လယ်ယာများမှ ရေအောက်သို့ နစ်မြှုပ်ခြင်းဖြစ်သည်။“တရုတ်က ရေကာတာတွေကနေ ရေဖွင့်ချတော့ အခုက နေ့တိုင်း ရေတွေက တက်လာတယ်။ ရွှေလီမြစ်ဘေးမှာရှိတဲ့ စိုက်ခင်းတွေ ရေအောက်ရောက်ကုန်တယ်။ တခြား လုပ်ငန်းတွေလည်း အကုန်ရပ်ထားကုန်တယ်။”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးကပြောသည်။တရုတ်-မြန်မာနယ်စပ်အနီး လောင်းကျန်းမြစ်သည် တရုတ်ပြည်တွင်းတွင် တည်ရှိပြီး ဆည် ရေကာတာအများအပြား တည်ဆောက်ထားသည်။ ယင်းလောင်းကျန်းမြစ်သည် မြန်မာနိုင်ငံတွင်းသို့ စီးဝင်သည့် ရွှေလီမြစ်၏ မြစ်လက်တက်ဖြစ်သဖြင့် တရုတ်က ရေကာတာဖွင့်ချသည့်အခါ မြန်မာပြည် ရွှေလီမြစ်ဘေးတွင် နေထိုင်သည့် ပြည်သူများကို ထခိုက်နေခြင်းဖြစ်သည်။


news-view-count-icon

29