back

ဟော်မုဇ်ရေလက်ကြားဖြတ် သင်္ဘောများပေါ်တွင် အိန္ဒိယသင်္ဘောသားများ လိုက်ပါခွင့်ပိတ်ပင်

Jul 18 • 4:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟော်မုဇ်ရေလက်ကြားဖြတ် သင်္ဘောများပေါ်တွင် အိန္ဒိယသင်္ဘောသားများ လိုက်ပါခွင့်ပိတ်ပင်

မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းကြရမည့် သင်္ဘောများပေါ်တွင် အိန္ဒိယ သင်္ဘောသား များကို အလုပ်မပေးရန်သင်္ဘောပိုင်ရှင်များ၊ သင်္ဘောလိုင်းများနှင့် သင်္...

မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းကြရမည့် သင်္ဘောများပေါ်တွင် အိန္ဒိယ သင်္ဘောသား များကို အလုပ်မပေးရန်သင်္ဘောပိုင်ရှင်များ၊ သင်္ဘောလိုင်းများနှင့် သင်္ဘောသားခေါ်ယူစုဆောင်းရေးအေဂျင်စီများကို အိန္ဒိယအစိုးရကညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းဇူလိုင် ၁၆ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။

ပြီးခဲ့သည့် ရက်များအတွင်းဟော်မုဇ်ရေလက်ကြားဖြတ်သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယနိုင်ငံသား သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယအစိုးရ၏အထက်ပါညွှန်ကြားချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ညွှန်ကြားချက်သစ်တစ်ရပ်နောက်ထပ်မရမချင်း ဟော်မုဇ်ရေလက်ကြားဖြတ်သင်္ဘောများအတွက်

အိန္ဒိယသင်္ဘောသားများကို စေလွှတ်ခြင်းမပြုရန် အိန္ဒိယအစိုးရ၏ထုတ်ပြန်ချက်၌ သင်္ဘောပိုင်ရှင်များ၊သင်္ဘောလိုင်းများနှင့် သင်္ဘောသားခေါ်ယူစုဆောင်းရေး အေဂျင်စီများကို ညွှန်ကြားထားသည်။အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများအတွက် သင်္ဘောသားအင်အား တတိယအများဆုံး ဖြည့်ဆည်းပေးနေသော နိုင်ငံဖြစ်သည်။အိန္ဒိယအစိုးရ၏ တရားဝင်ကိန်းဂဏန်းများအရ နိုင်ငံတကာသင်္ဘောလိုင်းများ၌ အလုပ်လုပ်နေကြသော အိန္ဒိယသင်္ဘောသားဦးရေမှာသုံးသိန်းကျော်အထိရှိပါတယ်။



news-view-count-icon

17