back

အင်္ဂလန်မှာ လာမယ့်နှစ်မှစတင်ကာ ၁၆ နှစ်အောက်အရွယ်တွေကို အားဖြည့်အချိုရည် တားမြစ်မယ်

Jul 18 • 3:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂလန်မှာ လာမယ့်နှစ်မှစတင်ကာ ၁၆ နှစ်အောက်အရွယ်တွေကို အားဖြည့်အချိုရည် တားမြစ်မယ်

အင်္ဂလန်မှာ အသက် ၁၆ နှစ်အောက်အရွယ် ကလေးငယ်တွေကို ကဖိန်းပါဝင်မှုများတဲ့ အားဖြည့် အချိုရည် ဝယ်ယူခွင့် လာမယ့်နှစ် ဧပြီလက စတင် တားမြစ်သွားမှာ ဖြစ်ကြောင်း အစိုးရက ပြ...

အင်္ဂလန်မှာ အသက် ၁၆ နှစ်အောက်အရွယ် ကလေးငယ်တွေကို ကဖိန်းပါဝင်မှုများတဲ့ အားဖြည့် အချိုရည် ဝယ်ယူခွင့် လာမယ့်နှစ် ဧပြီလက စတင် တားမြစ်သွားမှာ ဖြစ်ကြောင်း အစိုးရက ပြောပါတယ်။ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ ငွေထည့်ပြီး ဝယ်နိုင်တဲ့ စက်တွေနဲ့ အွန်လိုင်းမှာ အချိုရည် တစ်လီတာကို ကဖိန်း ပါဝင်မှု ၁၅၀ မီလီဂရမ်နဲ့ အထက် ပါဝင်တဲ့ အားဖြည့် အချိုရည်တွေ ကလေးငယ်များကို မရောင်းရဘူးလို့ တားမြစ်သွားမှာ ဖြစ်ပါတယ်။ Diet Coke လို ကဖိန်း ပါဝင်မှုနည်းတဲ့ အချိုရည်တွေကို တားမြစ်သွားမှာမဟုတ်သလို လက်ဖက်ရည်နဲ့ ကော်ဖီကိုလည်း တားမြစ်မှာ မဟုတ်ဘူးလို့ သိရကာ Red Bull၊ Monster၊ Relentless နဲ့ Prime စတဲ့ ကဖိန်း ပါဝင်များတဲ့ အားဖြည့် အချိုရည်တွေကို တားမြစ်မယ်လို့ ဆိုပါတယ်။ကလေးငယ်တွေ အဝလွန် ဖြစ်မှု လျှော့ချရေး၊ စိုးရိမ်စိတ်ကြောင့် အိပ်မပျော်နိုင် ဖြစ်မှု လျှော့ချရေး အစိုးရက အခုလို စီစဉ်ဆောင်ရွက်လာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ အဆိုပြုချက်တွေအရ မိမိတို့အနေနဲ့ ပိုမိုကျန်းမာတဲ့ ကလေးငယ် မျိုးဆက် တစ်ခုကို တည်ဆောက်သွားဖို့ ရည်ရွယ်ကြောင်း ကျန်းမာရေးဝန်ကြီး ရှာရွန် ဟော့ဆင်က ပြောပါတယ်။အဲဒီ တားမြစ်ချက်ကို လွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်ပြီး တားမြစ်ချက် ချိုးဖောက်တဲ့ လုပ်ငန်းတွေအနေနဲ့ ပေါင် ၂၅၀၀ အထိမြင့်မားတဲ့ ဒဏ်ငွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အင်္ဂလန်မှာ ကလေးငယ် ၁ သိန်းလောက်ဟာ နေ့တိုင်း အားဖြည့် အချိုရည်တွေ သောက်သုံးနေကြတယ်လို့ သိရပါတယ်။လူကြိုက်များတဲ့ အချိုရည် အမှတ်တံဆိပ် တချို့မှာ ကော်ဖီ နှစ်ခွက်စာ ဒါမှမဟုတ် ကိုလာ လေးဘူးစာမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ထက် ပိုများစွာ ပါဝင်နေတယ်လို့ သိရပါတယ်။အားဖြည့် အချိုရည်တွေ လွန်ကဲစွာ သောက်သုံးမှုကြောင့် အိပ်မပျော်နိုင် ဖြစ်တာ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။


news-view-count-icon

30