ရေရှည်စီမံကိန်းအဖြစ် ချေးငွေနှင့် AEC ဈေးကွက်ဝင်ရောက်ရေး ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု (Financial Assistance)အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်ကြောင်း ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောသည်။တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ၂၅ ရက်မြောက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။



