back

ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား မိုးကြီးနိုင်သဖြင့် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် မိုးဇလ သတိပေးချက်ထုတ်ပြန်

Jul 17 • 10:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား မိုးကြီးနိုင်သဖြင့် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် မိုးဇလ သတိပေးချက်ထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်တို့ကြောင့် ဇူလိုင် ၁၇ ရက်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်တို့ကြောင့် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ လျှပ်တပြက်ရေပြင်လျှံခြင်းနှင့် တောင်ကုန်းတောင်တန်းဒေသများတွင် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

23