ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဒေသကြက်နှင့် CP ကြက်သားများကို ပဲခူး၊ ပြည်၊ တောင်ငူနှင့် သာယာဝတီခရိုင်အတွင်းရှိ ဈေးများ၌ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ရောင်းချပေးနေသည့် ဈေးနှုန်းများမှာ CP ကြက်သား လက်ကားတစ်ပိဿာလျှင် ၁၈,၄၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၂၀,၅၀၀ ကျပ်နှင့် ဒေသကြက်သား လက်ကားတစ်ပိဿာလျှင် ၂၃,၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ် ဖြစ်ပြီး၊ ယခုကဲ့သို့ စနစ်တကျ ရောင်းချပေးမှုကြောင့် ကြက်သားဈေးကွက်အတွင်း ဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာသဖြင့် ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်းရှိ ခရိုင်များ၌ ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ကြက်သားများကို နေ့စဉ်ရောင်းချပေးလျက်ရှိ
Jul 17 • 10:08 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 11 | 0 | 0 | 0 |


