back

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၌ ပဲတီစိမ်းအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်းနေသဖြင့် တောင်သူများ အခက်အခဲဖြစ်ပေါ်နေ

Jul 17 • 10:06 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၌ ပဲတီစိမ်းအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်းနေသဖြင့် တောင်သူများ အခက်အခဲဖြစ်ပေါ်နေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ယခုနှစ်ပဲတီစိမ်းအထွက်နှုန်းမှာ ယခင်နှစ်က တစ်ဧကလျှင် ၁၀ တင်းခန့်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅ တင်းခန့်အထိ တိုးတက်ထွက်ရှိပြ...

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ယခုနှစ်ပဲတီစိမ်းအထွက်နှုန်းမှာ ယခင်နှစ်က တစ်ဧကလျှင် ၁၀ တင်းခန့်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅ တင်းခန့်အထိ တိုးတက်ထွက်ရှိပြီး အရည်အသွေးကောင်းမွန်နေသော်လည်း ဈေးနှုန်းများ ကျဆင်းနေကြောင်း တောင်သူများထံမှ သိရသည်။ ယခင်နှစ်က ပဲတီစိမ်းတစ်တင်းလျှင် ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် ရှိခဲ့သော်လည်း ယခုနှစ်တွင် ပွဲရုံပေါက်ဈေးအရ အခြောက်အသန့် ပိဿာ ၂၀ တစ်အိတ်လျှင် ခုနစ်သောင်းကျပ်နှင့် အစိုဓာတ်ပါသည့်ပဲလျှင် ခြောက်သောင်းကျပ်သာ ရှိတော့သဖြင့် လုပ်သားရှားပါးမှုကြောင့် စိုက်ပျိုးစရိတ်နှင့် လုပ်အားခမြင့်မားမှုကို ရင်ဆိုင်နေရသည့် တောင်သူများအနေဖြင့် အဆင်မပြေဖြစ်ရကြောင်း သိရသည်။

news-view-count-icon

12