တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ နည်းပညာပိတ်ဆို့မှုများကို တုံ့ပြန်ရန်နှင့် ပညာရေးသုတေသနနှင့် စီးပွားရေးလက်တွေ့နယ်ပယ်ကြား ကွာဟချက်ကို ပေါင်းကူးရန်အတွက် အဆင့်မြင့်ပညာရေးစည်းမျဉ်းများကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး၊ အင်ဂျင်နီယာကျောင်းသားများအနေဖြင့် ဘွဲ့လွန်ကျမ်း (Dissertation) ရေးသားတင်ပြရန်မလိုဘဲ တကယ့်လက်တွေ့အသုံးချနိုင်သည့် ထုတ်ကုန်များကို ဖန်တီးပြရုံဖြင့် PhD ဒေါက်တာဘွဲ့ ရယူနိုင်ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့ လျှောက်ထားသူများအတွက် ပုံမှန်လုပ်နေကျ ကျမ်းပြုစုခြင်းကို ကျော်ဖြတ်ကာ လက်တွေ့ဖန်တီးမှုများဖြင့် ဘွဲ့ယူနိုင်မည့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အင်ဂျင်နီယာကျောင်းသားများ ဘွဲ့လွန်ကျမ်း (Dissertation) တင်ရန်မလိုဘဲ လက်တွေ့ထုတ်ကုန်များဖြင့် PhD ဘွဲ့ ရယူနိုင်ပြီ
Jul 17 • 10:50 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


