back

အင်္ဂလန်နှင့်ပွဲအပြီး၌ ဖောက်ကလန်အလံ ဝှေ့ယမ်းခဲ့သည့် အာဂျင်တီးနားကစားသမားများအား စုံစမ်းစစ်ဆေးရန် ဗြိတိန်ဝန်ကြီး တောင်းဆို

Jul 17 • 9:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂလန်နှင့်ပွဲအပြီး၌ ဖောက်ကလန်အလံ ဝှေ့ယမ်းခဲ့သည့် အာဂျင်တီးနားကစားသမားများအား စုံစမ်းစစ်ဆေးရန် ဗြိတိန်ဝန်ကြီး တောင်းဆို

ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဂျင်တီးနားကစားသမားများက “ဖောက်ကလန်သည် အာဂျင်တီးနား...

ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဂျင်တီးနားကစားသမားများက “ဖောက်ကလန်သည် အာဂျင်တီးနားအပိုင်ဖြစ်သည်” ဟု ရေးသားထားသော နိုင်ငံရေးဆန်သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့သဖြင့် ဖီဖာ (FIFA) ၏ အားကစားကွင်းအတွင်း နိုင်ငံရေးဆိုင်ရာ ပစ္စည်းများတားမြစ်သည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့ဖွယ် ရှိနေသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗြိတိန်စီးပွားရေးဝန်ကြီး ပီတာ ကိုင်လီက နိုင်ငံရေးနှင့် ကမ္ဘာ့ဖလားကို သီးခြားစီထားရှိရမည်ဖြစ်ပြီး ဖြစ်စဉ်အား တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဟု ပြောကြားခဲ့ကာ၊ လက်ရှိအချိန်အထိ ဖီဖာဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေး တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

news-view-count-icon

10