ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများတွင် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများ တင်သွင်းခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ နေပြည်တော်/တိုင်း/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနများတွင် ထောက်ခံချက်များ လာရောက်လျှောက်ထားနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ တင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နေပြည်တော် ရုံးအမှတ် (၃၇) ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) ၏ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၉၁ နှင့် ၀၉-၄၂၃၆၆၀၉၈၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Jul 17 • 9:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


