တရုတ်နိုင်ငံ၊ ရှီးဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီးမြို့၌ ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် တရုတ်-ရှီးဇန်း Trans-Himalaya အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် နီပေါနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ် ရူဘီ ကူမာရီ (Rubi Kumari) က တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆွေးနွေးမှုအတွင်း ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို နှစ်နိုင်ငံ ပူးပေါင်းတုံ့ပြန်သွားရန်နှင့် နီပေါ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများကို ဆက်လက်တိုးမြှင့်သွားရန်တို့ကို အလေးထား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နီပေါ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာများကို Trans-Himalaya ဖိုရမ်၌ နီပေါအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဆွေးနွေး
Jul 17 • 9:07 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


