တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ ဖုန်းနန်ခရိုင်ရှိ နိုင်ငံအဆင့် ခရီးသွားအပန်းဖြေလမ်းဖြစ်သော "ဟဲထိုလမ်းဟောင်း" တွင် ခရီးသွားလာရေး စားသုံးမှုဈေးကွက် လွန်စွာရှင်သန်တက်ကြွလျက်ရှိကြောင်း သိရသည်။ ဖုန်းနန်ခရိုင်သည် ယခုနှစ်အတွင်း အဆိုပါ ဟဲထိုလမ်းဟောင်းကို အခြေပြု၍ အရောင်အသွေးစုံလင်သော ခရီးသွားလာရေး ထုတ်ကုန်များနှင့် ပြည်သူအကျိုးပြု မူဝါဒများကို အချိန်ကိုက်မိတ်ဆက်ပေးခဲ့သည့်အပြင် စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု အရည်အသွေးတို့ကို မြှင့်တင်ခဲ့သည်။ နွေရာသီကာလသို့ ရောက်ရှိလာပြီးနောက်ပိုင်း ၎င်းလမ်းဟောင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ပမာဏမှာ တည်ငြိမ်စွာ ဆက်တိုက်မြင့်တက်လာနေပြီး ဒေသတွင်း ခရီးသွားလာရေးလုပ်ငန်းနှင့် စားသုံးမှုဈေးကွက်ကို ပိုမိုမြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။



