back

ပြည်တွင်း၌ အဆိပ်ရှိပစ္စည်းပါဝင်သည့် ပိုးသတ်ဆေးနှစ်မျိုးကို ၂ နှစ်ကြာ သုံးစွဲခွင့် ပိတ်ပင်တားမြစ်

Jul 17 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ အဆိပ်ရှိပစ္စည်းပါဝင်သည့် ပိုးသတ်ဆေးနှစ်မျိုးကို ၂ နှစ်ကြာ သုံးစွဲခွင့် ပိတ်ပင်တားမြစ်

မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အဆိပ်ရှိပစ္စည်းများဖြစ်ကြသည့် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေး နှစ်မျိုးကို ပြည်တွင်း၌ ၂ နှစ်တာ ကာလပတ်လုံး သု...

မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အဆိပ်ရှိပစ္စည်းများဖြစ်ကြသည့် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေး နှစ်မျိုးကို ပြည်တွင်း၌ ၂ နှစ်တာ ကာလပတ်လုံး သုံးစွဲခွင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ထို့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များနှင့် တောင်သူများအနေဖြင့် ၎င်းပိုးသတ်ဆေးနှစ်မျိုး၏ လက်ကျန်ပစ္စည်းများကို လာမည့် ဇူလိုင် ၃၁ ရက်ထက် နောက်မကျဘဲ နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများသို့ မဖြစ်မနေ လာရောက်အပ်နှံကြရန် အကြောင်းကြားထားသည်။ တားမြစ်ထားသည့် ၂ နှစ်တာ ကာလအတွင်း မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂလိကမဆို အဆိုပါ ပိုးသတ်ဆေးများကို မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် သုံးစွဲခြင်းများ လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ဘဲ စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

56