မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသို့ အသား၊ ငါးနှင့် ကုန်စိမ်းကုန်ခြောက်မျိုးစုံ တွဲဖက်ရောင်းချသည့် Mini Mart များ အပြိုင်အဆိုင် ဖွင့်လှစ်လာကြသဖြင့် ရပ်ကွက်ဈေးများရှိ လက်လှုပ်လက်စား ဈေးသည်များ ရောင်းအားကျဆင်းကာ လုပ်ငန်းထိခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ငွေကြေးတတ်နိုင်သည့် စားသုံးသူများနှင့် အိမ်ရှင်မများသည် သန့်ရှင်းသပ်ရပ်မှုနှင့် စနစ်တကျ ထုတ်ပိုးမှုအားသာသော ဈေးဝယ်စင်တာများနှင့် Mini Mart များသို့ ရွေးချယ်ဝယ်ယူလာကြခြင်းကြောင့် ရပ်ကွက်ဈေးသည်များ၏ အသက်မွေးဝမ်းကြောင်းကို ရိုက်ခတ်လာခြင်း ဖြစ်သည်။အဆိုပါ Mini Mart များတွင် အသား၊ ငါးများအပြင် ကုန်စိမ်းကုန်ခြောက်နှင့် အသင့်စားကုန်စည်များကိုပါ တစ်နေရာတည်းတွင် စုံလင်စွာ ရောင်းချပေးနေသည့်အပြင်၊ ဈေးနှုန်းအားဖြင့်လည်း ရပ်ကွက်ဈေးများနှင့် ကွာဟမှု သိပ်မရှိသဖြင့် အခြေခံလူတန်းစားအချို့ပင်လျှင် စိတ်ဝင်စားမှု မြင့်တက်လာနေသည်။ မဟာအောင်မြေမြို့နယ်ရှိ စည်ပင်သာယာဈေးမှ အသားငါးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ စားသုံးသူများအနေဖြင့် Mini Mart များတွင် အသားငါးသွားရောက်ဝယ်ယူရင်း အခြားကုန်စိမ်းကုန်ခြောက်များကိုပါ တစ်ပါတည်း ဝယ်ယူသွားကြသဖြင့် ရပ်ကွက်ဈေးသည်များမှာ လတ်တလောတွင် သိသာစွာ အရောင်းကျဆင်းမှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။
မန္တလေး၌ သားငါးစုံရောင်းချသည့် Mini Mart များ ရပ်ကွက်အတွင်းအထိ ရောက်ရှိလာခြင်းကြောင့် ရပ်ကွက်ဈေးသည်များ ရောင်းအားကျဆင်းနေ
Jul 17 • 1:47 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 25 | 0 | 0 | 0 |


