ရှမ်းပြည်နယ်၊လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ သီပေါတံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်သောကြောင့် ခရီးသွားပြည်သူများမှာ ကားတစ်ဆင့်ပြောင်းစီးကာ သွားလာနေရဆဲဖြစ်ကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။ လက်ရှိတွင် တံတားပေါ်မှ လူများကို အချိန်ကန့်သတ်၍ လမ်းလျှောက်ဖြတ်သန်းခွင့်ပြုထားသော်လည်း ခရီးဆောင်ပစ္စည်းများပါက သယ်ယူစရိတ် ပိုမိုကုန်ကျသဖြင့် ခရီးသွားအများစုမှာ စက်လှေများဖြင့် မြစ်ကူးကာ ခရီးစဉ်အပြောင်းအလဲ ပြုလုပ်နေကြရသည်။ စက်လှေစီးခအနေဖြင့် တစ်ဦးလျှင် တစ်သောင်းကျပ် ပေးရပြီး လှေဆိပ်တွင် အလှည့်ကျ စောင့်ဆိုင်းရမှုများ ရှိနေသည့်အပြင် ခရီးစဉ်ကြန့်ကြာမှုနှင့် ကုန်ကျစရိတ် ပိုမိုမြင့်မားမှုများကြောင့် မိုးတွင်းကာလတွင် ခရီးသည်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
ရှမ်းပြည်နယ် သီပေါတံတား၌ မော်တော်ယာဉ် ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်၍ ခရီးသွားများ ကားတစ်ဆင့်ပြောင်းစီးကာ သွားလာနေရ
Jul 16 • 4:59 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 25 | 0 | 0 | 0 |


