back

ဂျပန်၌ လေယာဉ်အမှုထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့် ANA လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်

Jul 16 • 4:58 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ လေယာဉ်အမှုထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့် ANA လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်

ဂျပန် All Nippon Airways (ANA) လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Ryota Mise (၄၄ နှစ်) သည် လေယာဉ်အမှုထမ်း အမျိုးသမီးတစ်ဦး၏ တင်ပါးကို ကိုင်တွယ်ကာ လိင်ပိုင်းဆိုင်ရ...

ဂျပန် All Nippon Airways (ANA) လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Ryota Mise (၄၄ နှစ်) သည် လေယာဉ်အမှုထမ်း အမျိုးသမီးတစ်ဦး၏ တင်ပါးကို ကိုင်တွယ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့မှုကြောင့် တိုကျိုခရိုင်တရားရုံးက ဇူလိုင်လ ၁၄ ရက်နေ့တွင် ၎င်းအား ထောင်ဒဏ် ၁ နှစ်နှင့် ၈ လ ချမှတ်လိုက်သည်။အမှုဖြစ်စဉ်အရ လေယာဉ်မှူးကြီးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကာဂါဝါခရိုင် တာကာမတ်ဆုမြို့၌ လေယာဉ်ခရီးစဉ်ပျံသန်းပြီးနောက် ဝန်ထမ်းများစုပေါင်း၍ ညစာစားပြီးအပြန် လမ်းမပေါ်နှင့် ကုန်စုံဆိုင်တစ်ခုအတွင်း၌ အဆိုပါအမျိုးသမီး၏ တင်ပါးကို အတင်းအဓမ္မ အကြိမ်ကြိမ်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှူးကြီးက မိမိအနေဖြင့် ညစာစားပွဲတွင် ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ပြီဟု ယူဆကာ စနောက်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သော်လည်း တရားသူကြီးက ၎င်း၏ထွက်ဆိုချက်သည် ဆင်ခြေဆင်လက်များသာဖြစ်ပြီး နောင်တရသည့်အရိပ်အယောင် ကင်းမဲ့နေကာ ကပ္ပတိန်ဟူသည့် ရာထူးဩဇာကို အလွဲသုံးစားလုပ်၍ ကျူးလွန်ခဲ့သည့် စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။စော်ကားခံရသူ အမျိုးသမီးသည် ၎င်း၏ အလုပ်အကိုင်ထိခိုက်မည်ကို စိုးရိမ်သဖြင့် ချက်ချင်းမခုခံနိုင်ခဲ့ဘဲ အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့ရကြောင်း ထွက်ဆိုခဲ့ပြီး တရားရုံးက အမျိုးသမီး၏ ထွက်ဆိုချက်သည် ခိုင်လုံပြီး ယုံကြည်စိတ်ချရကြောင်း လက်ခံခဲ့သည်။ လေကြောင်းလိုင်းဘက်ကလည်း ဤတရားရုံးဆုံးဖြတ်ချက်ကို အလေးအနက်ထားကာ ယခုကဲ့သို့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားစေရန် တင်းကျပ်သော ကာကွယ်မှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

news-view-count-icon

24