back

မကွေးတိုင်း၌ ကြက်ဥများ ဈေးကောင်းရ၍ ဥစားကြက်မွေးမြူသူများ အဆင်ပြေ

Jul 16 • 4:26 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၌ ကြက်ဥများ ဈေးကောင်းရ၍ ဥစားကြက်မွေးမြူသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥများ ဈေးကောင်းရရှိနေခြင်းကြောင့် ဥစားကြက်မွေးမြူသူများ ယခင်ထက် ပိုမိုအဆင်ပြေလာကြောင်း တိုင်းဒေသကြီး သမဝါယမအသင်းဦးစီးမှူး ဦးစံကျော်...

မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥများ ဈေးကောင်းရရှိနေခြင်းကြောင့် ဥစားကြက်မွေးမြူသူများ ယခင်ထက် ပိုမိုအဆင်ပြေလာကြောင်း တိုင်းဒေသကြီး သမဝါယမအသင်းဦးစီးမှူး ဦးစံကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ယခင်က ကြက်ဥတစ်လုံးလျှင် အမြင့်ဆုံးဈေး ကျပ် ၄၀၀ သာ ရှိခဲ့သော်လည်း လက်ရှိတွင် ခြံဖမ်းဈေးအနေဖြင့် အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၄၀၀ မှ ၅၅၀ ကျပ်အထိ ရရှိနေပြီး ယခုရာသီတွင် ကြက်ဥနှုန်းပါ မြင့်မားနေခြင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ရွှေတင့်ထူး စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း သမဝါယမအသင်းမှ ဦးစီးသည့် ဥစားကြက်ခြံ ၆ ခြံ၌ ကြက်အကောင်ရေ တစ်သောင်းကျော် မွေးမြူထားရှိရာ ဒေသတွင်း ကြက်ဥစားသုံးမှု ဖူလုံစေရန်နှင့် ဥစားကြက်မွေးမြူရေးခြံများကို ထပ်မံတိုးချဲ့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

35