ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအား အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်ကာ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ အခွန်ထမ်းသူများအနေဖြင့် https://vavs.ird.gov.mm ဝဘ်ဆိုက်တွင် မိမိတို့၏ ဖုန်းနံပါတ်ဖြင့် စနစ်အတွင်း ဝင်ရောက်ကာ မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များ ဖြည့်သွင်းရုံဖြင့် စနစ်မှ အလိုအလျောက်တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပါသည်၊၊ ထို့အပြင်ကျသင့်သည့်အခွန်ငွေကိုလည်း စနစ်အတွင်းမှတစ်ဆင့် Digital Payment (Online Payment) ဖြင့် တိုက်ရိုက်ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။



