စင်ကာပူနိုင်ငံရှိ အသက် ၁၂ နှစ်နှင့်အောက် ကလေးငယ်ရှိသော မိသားစုများသည် ကလေးတစ်ဦးလျှင် စင်ကာပူဒေါ်လာ ၅၀၀ တန်ဖိုးရှိ "Child LifeSG" ခရက်ဒစ်ထောက်ပံ့မှုကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်၍ ရရှိကြမည်ဖြစ်ကြောင်း လူမှုရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MSF) က ကြေညာခဲ့သည်။ ဤအစီအစဉ်ကို ဝန်ကြီးချုပ် Lawrence Wong က ဘတ်ဂျက် ၂၀၂၆ တွင် ကလေးမွေးမြူစရိတ်ဆိုင်ရာ ငွေကြေးဖိအားများကို လျှော့ချပေးရန် ကြီးမားသောကူညီမှုတစ်ရပ်အနေဖြင့် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကလည်း အလားတူ စင်ကာပူ$500 ခရက်ဒစ်ကို ကလေးငယ်ပေါင်း ၄၅၀,၀၀၀ ကျော်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။အကျုံးဝင်မည့် အသက်အုပ်စုများတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မွေးဖွားသူများ ပါဝင်ပြီး ၎င်းတို့အတွက် ထောက်ပံ့ငွေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်၍ ထုတ်ပေးမည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွင်း မွေးဖွားသူများအတွက်မူ နောက်ကျပြီး ၂၀၂၇ ခုနှစ် ဧပြီလတွင်မှ ထုတ်ပေးမည်ဖြစ်သည်။အဆိုပါထောက်ပံ့ငွေကို ဇွန်လ ၁ ရက်နေ့အထိ MSF ၏ စာရင်းဇယားများအရ ကလေး၏ Child Development Account (CDA) အုပ်ထိန်းသူထံသို့ အလိုအလျောက် လွှဲပြောင်းပေးမည်ဖြစ်ရာ မည်သည့်လျှောက်လွှာမျှ လျှောက်ထားရန်မလိုပါ။ ဤခရက်ဒစ်များကို PayNow UEN QR နှင့် NETS QR စနစ်ဖြင့် ငွေပေးချေမှုလက်ခံသည့် လူကိုယ်တိုင်သွားရောက်ဝယ်ယူရသော ဆိုင်များနှင့် အွန်လိုင်းအရောင်းဆိုင်များတွင် အသုံးပြုနိုင်ပြီး အုပ်ထိန်းသူများသည် LifeSG app မှတစ်ဆင့် စစ်ဆေးအသုံးပြုနိုင်မည် ဖြစ်သည်။ငွေကြေးလိမ်လည်မှုများ မခံရစေရန်အတွက် ထောက်ပံ့ငွေများ ထည့်သွင်းပြီးပါက မိဘများထံသို့ gov.sg အမည်ဖြင့်သာ SMS မက်ဆေ့ခ်ျ ပေးပို့မည်ဖြစ်ပြီး ၎င်းမက်ဆေ့ခ်ျများတွင် မည်သည့်ပြန်ကြားချက် သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမျှ တောင်းခံမည်မဟုတ်ကြောင်း လူမှုရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အထူးသတိပေးထားသည်။
စင်ကာပူနိုင်ငံက ကလေးများအတွက် စင်ကာပူဒေါ်လာ ၅၀၀ ထောက်ပံ့မည့် အစီအစဉ်ဖြင့် မိဘများ၏ ကုန်ကျစရိတ်ကို လျှော့ချပေး
Jul 16 • 4:07 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


