back

ဗီယက်နမ်၊ဒါနန်းမြို့နယ်ခွဲတစ်ခုတွင် အသက် ၁၆ နှစ်အောက် ကျောင်းသားများ၏ ဖုန်းနှင့် လူမှုကွန်ရက်သုံးစွဲမှုကို ထိန်းချုပ်မည့် စည်းမျဉ်းများ ထုတ်ပြန်

Jul 16 • 3:05 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၊ဒါနန်းမြို့နယ်ခွဲတစ်ခုတွင် အသက် ၁၆ နှစ်အောက် ကျောင်းသားများ၏ ဖုန်းနှင့် လူမှုကွန်ရက်သုံးစွဲမှုကို ထိန်းချုပ်မည့် စည်းမျဉ်းများ ထုတ်ပြန်

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့တော်ရှိ ဟွာဗန်းမြို့နယ်ခွဲသည် နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် အသက် ၁၆ နှစ်အောက် ကျောင်းသားများ၏ မိုဘိုင်းလ်ဖုန်းနှင့် လူမှ...

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့တော်ရှိ ဟွာဗန်းမြို့နယ်ခွဲသည် နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် အသက် ၁၆ နှစ်အောက် ကျောင်းသားများ၏ မိုဘိုင်းလ်ဖုန်းနှင့် လူမှုကွန်ရက် အသုံးပြုမှုကို စနစ်တကျ ထိန်းချုပ်မည့် ယာယီစည်းမျဉ်းများကို ထုတ်ပြန်လိုက်သည်။

အဆိုပါ စည်းမျဉ်းအသစ်များအရ ကျောင်းသို့ ဖုန်းယူဆောင်လာသည့် ကျောင်းသားများသည် စာသင်ခန်းမဝင်မီ ဖုန်းကို ပိတ်ထားရန် သို့မဟုတ် ဆိုင်းလန့်လုပ်ကာ အတန်းတွင်းရှိ ဖုန်းသိမ်းသည့် ဗီဒိုများတွင် စနစ်တကျ အပ်နှံရမည်ဖြစ်ပြီး ဆရာမ၏ တိုက်ရိုက်ခွင့်ပြုချက်ရှိမှသာ စာသင်ကြားရေးအတွက် ထုတ်ယူသုံးစွဲခွင့်ရှိမည်ဖြစ်သည်။မိဘများအနေဖြင့်လည်း ကလေးများ၏ ဖုန်းသုံးစွဲမှုကို အသက်အရွယ်အလိုက် စောင့်ကြည့်ရန်၊ မူလတန်းကျောင်းသားများကို စမတ်ဖုန်းများ ဝယ်မပေးရန်နှင့် ကလေးများကို ကိုယ်လက်လှုပ်ရှားမှုနှင့် လူချင်းတွေ့ဆုံပြောဆိုမှုများတွင် ပိုမိုအားပေးရန် ညွှန်ကြားထားသည်။ ဤစည်းမျဉ်းကို မိဘ ၂,၇၀၀ ကျော်နှင့် ကျောင်းတာဝန်ခံများ၏ သဘောတူညီချက်ဖြင့် ဖုန်းစွဲလမ်းမှုနှင့် အွန်လိုင်းအန္တရာယ်များမှ ကာကွယ်ရန် ရည်ရွယ်၍ စတင်ကျင့်သုံးခြင်း ဖြစ်သည်။

news-view-count-icon

16