မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၌ အမျိုးသားတစ်ဦး ယမန်နေ့၌ နေအိမ်ရှေ့ရှိ ရေမြောင်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးမှုဖြစ်စဉ်မှာ ပေါ်တော်မူကျေးရွာ၊ ဆင်ဖြူကျွန်းလမ်းရှိ နေအိမ်ရှေ့ရေမြောင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ အမျိုးသားသေဆုံးမှုကို ဒေသခံလူမှုကူညီရေးအသင်းများဖြစ်ကြသည့် သင်္ခါရလူမှုကူညီရေးအသင်းနှင့် အကြင်နာတွဲလက်အသင်းတို့က သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသည်။ တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 16 • 2:47 AM
မြန်မာ
မွန်
မျှဝေမည်
| 24 | 0 | 0 | 0 |


