ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့တော် (Da Nang) တောင်ဘက်ရှိ တမ်ဟိုင်း (Tam Hai) ကျွန်းစုတွင် တည်ရှိပြီး ပတ်ဝန်းကျင် ပင်လယ်ရေပြာပြာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ပန်းထန်း (Ban Than) ရှေးဟောင်းကျောက်ဆောင်ဒေသသည် ကမ္ဘာလှည့်ခရီးသွားများနှင့် ဘူမိဗေဒသုတေသနပညာရှင်များကို အထူးဆွဲဆောင်လျက်ရှိသည်။ဘူမိဗေဒပညာရှင်များ၏ လေ့လာချက်အရ အဆိုပါ ကမ်းရိုးတန်းတစ်လျှောက် ၂ ကီလိုမီတာခန့် ရှည်လျားစွာ စီထပ်တည်ရှိနေသည့် အနက်ရောင်ကျောက်တုံးကြီးများသည် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၀၀ ကျော်ခန့်က တက်တိုးနစ် (Tectonic) မြေပြင်လှုပ်ရှားမှုကြောင့် ပင်လယ်ရေပြင်အထက်သို့ မြင့်တက်လာခဲ့သည့် ရှေးဟောင်းကျောက်သားအခြေခံ (Ancient bedrock) များ ဖြစ်ကြောင်း သိရသည်။ယင်းကျောက်ဆောင်များသည် ကမ္ဘာဦးခေတ်သမိုင်းကြောင်း၊ သမုဒ္ဒရာအပေါ်ယံလွှာ၊ ရေနက်ပိုင်းအနည်ကျကျောက်များနှင့် သမုဒ္ဒရာအောက်ခြေ မီးတောင်ကျောက်များ စုစည်းမှုဆိုင်ရာ သက်သေအထောက်အထားများ စုဝေးရာ သဘာဝပြတိုက်တစ်ခုသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပန်းထန်း (Ban Than)၊ ဟွန်းမန်း (Hon Mang) နှင့် ဟွန်းဒူးဝါး (Hon Dua) ကျွန်းစုနယ်မြေကို နိုင်ငံတော်အဆင့် အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းထားကြောင်း သိရသည်။
ဗီယက်နမ်၊ဒါနန်းရှိ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိ ရှေးဟောင်းကျောက်ဆောင်များက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေ
Jul 16 • 2:43 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


