back

မြန်မာနှင့် ခြေစမ်းမည့် ဗီယက်နမ်အသင်း တောင်ကိုရီးယားခရီးစဉ်အတွင်း ၃ ပွဲစလုံး အနိုင်ရရှိ

Jul 16 • 1:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနှင့် ခြေစမ်းမည့် ဗီယက်နမ်အသင်း တောင်ကိုရီးယားခရီးစဉ်အတွင်း ၃ ပွဲစလုံး အနိုင်ရရှိ

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် တောင်ကိုရီးယားခရီးစဉ်အတွင်း ကစားခဲ့သည့် ခြေစမ်းပွဲ ၃ ပွဲစလုံး...

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ်လက်ရွေးစင်အသင်းသည် တောင်ကိုရီးယားခရီးစဉ်အတွင်း ကစားခဲ့သည့် ခြေစမ်းပွဲ ၃ ပွဲစလုံးတွင် ကေလိဂ်ကလပ်အသင်းများကို အသီးသီးအနိုင်ရရှိခဲ့ကြောင်း ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) အရ သိရသည်။ ဗီယက်နမ်အသင်းသည် ဇူလိုင် ၅ ရက်တွင် ကေလိဂ်-၃ ကလပ် ဆီဟွန်စီတီဇင်ကို ၆ ဂိုးပြတ်ဖြင့်လည်းကောင်း၊ ဇူလိုင် ၈ ရက်တွင် ကေလိဂ်-၂ ကလပ် ယုန်ဂျင်းကို ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဇူလိုင် ၁၃ ရက်တွင် ကေလိဂ်-၁ ကလပ် ဂန်ဝန်းကို ၂-၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါအသင်းနှစ်သင်းသည် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် လာမည့်ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ထရန်ငုရင်ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နည်းပြ ကင်မ်ဆမ်ဆစ် ကိုင်တွယ်နေသည့် ဗီယက်နမ်အသင်းမှာ အုပ်စု (A) တွင်လည်းကောင်း၊ မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားတို့နှင့်အတူ အုပ်စု (B) တွင်လည်းကောင်း အသီးသီး ကျရောက်လျက်ရှိသည်။

news-view-count-icon

25