back

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်နေ

Jul 16 • 1:52 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသဖြင့် အနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသဖြင့် အနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁,၃၂၅ စင်တီမီတာအထက် ကျော်လွန်ကာ ၁,၃၅၀ စင်တီမီတာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အထူးသတိပြု နေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပေးနှိုးဆော်ထားပြီး၊ အရေးပေါ်အကူအညီများ လိုအပ်ပါက ချက်ချင်းကူညီပေးနိုင်ရန်အတွက်လည်း ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

31