မန္တလေးမြို့တွင်း ကန့်သတ်ထားသည့် ယာဉ်ရပ်နားခ ကောက်ခံခွင့်ရှိ လုပ်ငန်းနေရာများ၌ ယာဉ်အမျိုးအစားအလိုက် ပေးဆောင်ရမည့် သတ်မှတ်နှုန်းထားများကို ယာဉ်ပိုင်ရှင်များ သိရှိစေရန် ပိုစတာဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲအသိပေးထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ သိရသည်။ မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့ကျစေရန် ကန့်သတ်ထားသော လမ်းနေရာများတွင် ယာဉ်ရပ်နားခအဖြစ် မော်တော်ကားနှင့် သုံးဘီးအိုးဝေ တစ်နာရီလျှင် ၄၀၀ ကျပ်၊ ဆိုင်ကယ် တစ်နာရီလျှင် ၂၀၀ ကျပ် သတ်မှတ်ထားပြီး တစ်နာရီထက် ကျော်လွန်ပါက နာရီအလိုက် ထပ်မံပေးဆောင်ရမည်ဖြစ်ကာ အစည်ကားဆုံးနေရာများဖြစ်သည့် ၈၄ လမ်း (၂၆ နှင့် ၂၈ လမ်းကြား) နှင့် ၂၈ လမ်း (၈၄ နှင့် ၈၅ လမ်းကြား) တို့တွင်မူ တစ်နာရီလျှင် ၁,၀၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။ ထို့ပြင် ယာဉ်အပ်နှံခနှုန်းထားများအဖြစ် တစ်ကြိမ်လျှင် စက်ဘီး ၂၀၀ ကျပ်၊ ဆိုင်ကယ် ၆၀၀ ကျပ်နှင့် ကား ၁,၀၀၀ ကျပ် သတ်မှတ်ထားပြီး ယာဉ်ရပ်နားခကောက်ခံသူများမှ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံခြင်းများ ကြုံတွေ့ရပါက ၀၉-၄၄၁၀၃၇၈၈၉ နှင့် ၀၉-၉၇၉၂၃၅၆၉၄ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
Jul 16 • 1:50 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 51 | 0 | 0 | 0 |


