၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဈေးကွက်သို့ မြန်မာ့သစ်သီးဝလံ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က သစ်သီးဝလံတန်ချိန် ၈ သိန်းနီးပါး တင်ပို့ကာ ဒေါ်လာ ၃၄၄ ဒသမ ၆၃ သန်းရရှိရန် လျာထားခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေး အခြေအနေများကြောင့် အမှန်တကယ်တွင် တန်ချိန် ၄ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့သဖြင့် လျာထားချက်၏ ၆၃ ဒသမ ၉၈ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပြည်ပသို့ တစ်သျှူးငှက်ပျော၊ သရက်၊ ဖရဲ၊ ဝဥ၊ သီဟိုဠ်စေ့ အပါအဝင် သီးနှံမျိုးစုံ တင်ပို့ခဲ့ရာတွင် ဝဥနှင့် သီဟိုဠ်စေ့မှာ ဝင်ငွေနှင့် တင်ပို့မှုအမြင့်ဆုံး ဖြစ်ခဲ့ပြီး၊ ဈေးကွက်အလားအလာ ကောင်းမွန်စေရန်အတွက် လတ်ဆတ်သစ်သီးဝလံများအပြင် တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) များအဖြစ် ပြုပြင်ပြောင်းလဲတင်ပို့ရန် အသင်းက တိုက်တွန်းထားသည်။
| 76 | 0 | 0 | 0 |


