back

နိုင်ငံတကာသင်ရိုးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်

Jul 16 • 1:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံတကာသင်ရိုးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်

နိုင်ငံတကာသင်ရိုးသင်ကျောင်းများ အပါအဝင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို မဖြစ်မနေ...

နိုင်ငံတကာသင်ရိုးသင်ကျောင်းများ အပါအဝင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ချောချောစိန်နှင့် ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကျောင်းလခသတ်မှတ်ခြင်း၊ ဘာသာရပ်သင်တန်း စည်းကမ်းချက်များ၊ ကျောင်းမှတ်ပုံတင်ခြင်း၊ ဆရာခန့်ထားမှုနှင့် နိုင်ငံချစ်စိတ် ထိန်းသိမ်းရေး ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အမျိုးသားသင်ရိုးနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်း၊ ကောလိပ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

36