back

ရန်ကုန်တိုင်းရှိ မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် မှော်ဘီမြို့နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျ

Jul 15 • 11:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းရှိ မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် မှော်ဘီမြို့နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျ

ယနေ့ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုကြောင့် မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် မှော်ဘီမြို့နယ်တို့၌ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြော...

ယနေ့ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုကြောင့် မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် မှော်ဘီမြို့နယ်တို့၌ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်များမှာ မွန်းလွဲ ၁ နာရီကျော်တွင် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ရန်ကုန်-ပြည်လမ်းဘေး၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းနှင့် ကမ်းနားလမ်းထောင့်၌လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၌လည်းကောင်း သစ်ပင်များ အသီးသီးလဲကျခဲ့ခြင်းဖြစ်သည်။ အဆိုပါ သစ်ပင်လဲကျရာနေရာများသို့ သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ချက်ချင်းသွားရောက်၍ လမ်းပိတ်ဆို့မှုမရှိစေရန် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

18