back

ရှမ်းပြည်နယ်၊ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ အထူးဒေသ (၄) မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ ကွင်းဆင်းကုသပေး

Jul 15 • 11:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ အထူးဒေသ (၄) မိုင်းလားနှင့် ဆီလူးခရိုင်တို့တွင် အခမဲ့ ကွင်းဆင်းကုသပေး

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဌာန ၁၀ ခုမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ (၄) ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဇူလ...

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဌာန ၁၀ ခုမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ (၄) ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့ရှိ ဒေသခံ ပြည်သူ ၂,၀၀၀ ခန့်အား အခမဲ့ ကျန်းမာရေး ကွင်းဆင်းစစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းကုသမှုတွင် မိုးရာသီအဖြစ်များသော ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြပြီး၊ အထူးဒေသ (၄) အနေဖြင့် ယခုကဲ့သို့ အခမဲ့ကွင်းဆင်းကုသမှုနှင့် ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမည့်အပြင် အခြေခံကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17