back

ဘူတန်ဒုက္ခသည်အတု ဖန်တီးကာ လိမ်လည်ခဲ့သည့် နီပေါဝန်ကြီးဟောင်းများနှင့် လူတစ်ဒါဇင်ကျော်ကို ထောင်ဒဏ်ချမှတ်

Jul 15 • 11:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘူတန်ဒုက္ခသည်အတု ဖန်တီးကာ လိမ်လည်ခဲ့သည့် နီပေါဝန်ကြီးဟောင်းများနှင့် လူတစ်ဒါဇင်ကျော်ကို ထောင်ဒဏ်ချမှတ်

နီပေါနိုင်ငံသားများအား ဘူတန်ဒုက္ခသည်အတုများအဖြစ် ဖန်တီးကာ နိုင်ငံတကာတွင် ပြန်လည်နေရာချထားပေးမည်ဟု လိမ်လည်ကတိပြုခဲ့မှုဖြင့် နီပေါအစိုးရ ဝန်ကြီးဟောင်းနှစ်ဦးနှင့် ...

နီပေါနိုင်ငံသားများအား ဘူတန်ဒုက္ခသည်အတုများအဖြစ် ဖန်တီးကာ နိုင်ငံတကာတွင် ပြန်လည်နေရာချထားပေးမည်ဟု လိမ်လည်ကတိပြုခဲ့မှုဖြင့် နီပေါအစိုးရ ဝန်ကြီးဟောင်းနှစ်ဦးနှင့် အခြားပတ်သက်ဆက်နွှယ်သူ တစ်ဒါဇင်ကျော်ကို တရားရုံးက ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ရသည့် နီပေါလူမျိုး ၁ သိန်းကျော်သည် တတိယနိုင်ငံ ပြန်လည်နေရာချထားရေးအစီအစဉ်ဖြင့် အမေရိကန်နှင့် ဥရောပတို့တွင် နေရာသစ်များ ရရှိခဲ့ကြပြီး၊ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ နိုင်ငံသားများထံမှ လိမ်လည်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20